ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း(၁/၂၀၁၈)

  ကျောက်ဆည်ခရိုင်အတွင်း ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင် ကျွမ်းကျင်မှုမွမ်းမံသင်တန်း
                                                  ကျောက်ဆည်     ဇူလိုင်  ၁၆
               မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ကြီးကြပ်မှုနှင့် ကျောက်ဆည် ခရိုင်လျှပ်စစ်မန်နေဂျာရုံး၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင်ကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၁၈) ဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့ ညနေ့ (၀၃:၀၀)အချိန် ကျောက်ဆည်ခရိုင် လျှပ်စစ်မန်နေဂျာရုံး သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
    အဆိုပါသင်တန်းသို့ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်ရုံးအသီးသီးမှ ဘဏ္ဍာရေး ၀န်ထမ်းသင်တန်းသား (၂၁)ဦး တက်ရောက်ကာ အခမ်းအနားတွင် ခရိုင် လျှပ်စစ်မန်နေဂျာ(စီမံ) ဦးမင်းမင်းမှ  သင်တန်းဆင်းပွဲ အမှာစကားများ ပြောကြားခဲ့ ပါသည်။ သင်တန်းကာလမှာ တစ်ပတ်ကြာမြင့်ပြီး ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များ၊အမိန့်နှင့်ညွှန်ကြားချက်များစသည့် သင်တန်းစာများအားဆွေးနွေးပို့ချသွားကြောင်း သိရှိရသည်။